Software ဝယ်သုံးမယ်ဆို လုပ်ငန်းနဲ့ကိုက်ညီမှုရှိမရှိအရင်စစ်ပါ

October 02, 2025

software သုံးချင်လို့ဆက်သွယ်တဲ့ ဆိုင်တစ်ဆိုင်ကဖုန်းခေါ်လို့ရောက်သွားဖြစ်တယ်။

သူတို့မှာ ဆိုင်ခွဲဖွင့်ဖို့ ဆိုင်ခန်းအသစ်တစ်ခုငှားပြီးပြီ။

ဆိုင်ခွဲနှစ်ခုကို စီမံဖို့ခက်နေလို့ တစ်နှစ်ကြာတဲ့အထိ ဆိုင်ခွဲမဖွင့်နိုင်ဘူး။

ငွေကြေးလည်းတက်နိုင်တယ် ပစ္စည်းတွေလည်းရှိတယ် ဝန်ထမ်းတွေလည်းရှိတယ်။

စာရင်းမနိုင်လို့ဆိုင်ခွဲမဖွင့်နိုင်တဲ့ ပြဿနာဖြစ်နေတာ။


အဲ့ဒါ software တစ်ခုလောက်ဝယ်သုံးဖို့ပြောတော့

scanner အစုံအလင် software လည်းဝယ်ပြီးသားတဲ့။

တကယ်ကသူတို့ဝယ်တဲ့ software နဲ့ လုပ်ငန်းနဲ့ ကိုက်ညီမှုမရှိဖြစ်နေတာ။

သူတို့က ပစ္စည်းတွေလည်းရောင်းတယ် ပျက်တာတွေကိုလည်းပြင်တယ်။

ဝယ်ထားတဲ့ software ကရောင်းတဲ့အပိုင်းမှာတော့စာရင်းမှန်ပေမယ့်

ပြင်တဲ့အပိုင်းက ယူသုံးလိုက်တဲ့ အစိတ်အပိုင်းတွေဆိုမှားကုန်တာ။

အဲ့ဒါတွေကိုစာအုပ်နဲ့ပြန်မှတ်နေရတာ။


ကိုက်ညီတဲ့ software တစ်ခုလိုချင်လို့ custom ရေးပေးပါလား

အကုန်အကျခံနိုင်ပါတယ် တဲ့။

သူတို့လိုချင်တဲ့ software က တကယ်တော့ ကုန်ကျစရိတ်

သက်သက်သာသာနဲ့ရခဲ့ပါတယ်။


software သုံးမယ်ဆိုကြော်ညာတာတွေကြည့်ပြီးဝယ်သုံးမဲ့အစား

လုပ်ငန်းနဲ့ကိုက်ညီမှု ရှိမရှိအရင်စစ်ပြီးမှ အသုံးပြုသင့်ပါတယ်။


Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin